အမတ်မင်းကြီး မှားနေပြီ -- (၁) ၊ လူဦးရေ တိုးနှုံး

[ မြန်မာနိင်ငံ လွတ်တော် အမတ် ( ဟောင်း )၊ ဦးလှဆွေ မှ ဘင်္ဂါလီ-ရိုဟင်ဂျာ လူဦးရေ တိုးပွားနှုံး အထူး မြင့်မားသည် ဟု၊ မမှန် ( မမှန်ကန် ) ကောက်ချက်ချခဲ့ မှု ကို တရပ် ကို အောက်ပါ စာစဉ် ဖြင့် သင်ချာ ဗေဒ နည်းစနစ် တရပ်ဖြင့် သုံးသပ် ဝေဖန် ချက်။ လူဦးရေ ထိန်းချူပ်ရေး ကို လူထုပညာပေး အဆင့် သာ ထားသင့် ကြောင်း အကြံ ပြုချက်။ ]

လေးစားရပါသော အမတ်မင်း ခင်ဗျား။

အမတ်မင်းရဲ့ ရခိုင်ပြည်နယ် ဖွား ဘင်ဂါလီ အမျီုးသားများနှင့် ပတ်သက်တဲ့ ဆွေးနွေးချက်မှာ၊

"အမျိုးသားရေးရှု့ထောင့် တွေကနေချိန်ဆပြီး နိုင်ငံတကာအမြင်ရယ်အမျိုးသားရေးအမြင်ရယ် မျှချေတခုရယူချိန်ထိုးလို့ လုပ်သင့်လုပ်ထိုက်တာတွေ စီမံပေးသင့်ပေးထိုက်တာတွေကို လုပ်ပေးသွားမှာပါဘဲ ၊ ဒီလောက်ပေါက်ပွားနူံးမြန်တဲ့ ဒီလူအုပ်စုကြီးကိုယ်စား လွှတ်တော်ထဲမှာတရားဝင်လွတ်လပ်စွာပြောဆိုခွင့်ရနေတာဟာ သူတို့အတွက် ထွက်ပေါက်ပါ တနည်းအားဖြင့်" (U Hla Swe, MP)

အမတ်မင်း ဆိုလိုတာ ကတော့၊ ဒီ ဘင်ဂါလီ လူမျိုး တွေဟာ၊ မြန်မာ၊ရခိုင် စသည့် တိုင်ရင်သား လူမျိုးစု များထက် လူဦးရေ တိုးတက်မှု နှုံး မြန်တယ် လို့ ဆိုလိုက်တာပါဘဲ။ ဒီ ဆိုလိုချက် ဟာ မမှန် ( လုံးဝ မမှန် ) ကန် ပါ။ ဒီအကြောင်း ကို ဖေါ်ပြပါ နေရာမှာ သုတေသနပြု အသေးစိတ် ဖေါ်ပြထားပါတယ် (http://www.netipr.org/policy/node/46) ။ ဒီအကြောင်း ကို ထပ်မံ ရှင်းပြ ပါဦးမယ်။ ဒီ အကြောင်းကို သင်ချာဗေဒ နည်းစနစ် (numerical analysis) အရ တွက်ချက်ပြပါ မယ်။

ပထမဦးဆုံး၊ ရရှိပြီး ရခိုင်ပြည်နယ် လူဦးရေ စစ်တမ်း မှ အောက်ပါ စာရင်း ကို ရူပါ။ ဒီစာရင်း တွေဟာ မြန်မာနိင်ငံ အစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

(၂၀၁၃) ခုနှစ်၊ ရခိုင်-ဗုဒ ( ၂,၃၃၃,၆၇၀ ) ၊ မူဆလင်-ဘင်ဂါလီ ( ၉၆၈,၂၁၈ ) ၊ စုစုပေါင်း ( ၃,၃၃၈,၆၆၉ )
(၁၉၈၃) ခုနှစ်၊ ရခိုင်-ဗုဒ ( ၁,၄၂၅,၀၉၃ ) ၊ မူဆလင်-ဘင်ဂါလီ ( ၅၈၄,၅၁၈ ) ၊ စုစုပေါင်း ( ၂,၀၀၉,၆၁၁ )

ကဲ၊ အခု နှစ်ပေါင်း ၃၀ အတွင်း ရခိုင်ပြည်နယ် လူဦးရေ ဘယ်လို တိုးတယ် ဆိုတာကြည့်ကြရအောင်။ အချိုးချ ကြည့်ပါ။

စုစုပေါင်း-အချိုး (၂၀၁၃ / ၁၉၈၃) = ၁.၆၆
ရခိုင် - အချိုး (၂၀၁၃ / ၁၉၈၃) = ၁.၆၄
ဘင်ဂါလီ-အချိုး (၂၀၁၃ / ၁၉၈၃) = ၁.၆၆

ဒီမှာ အချိုး ၃ မျိုး ကို ကြည့်လိုက် တာနဲ့ မူဆလင်-ဘင်ဂါလီ တိုးပွားနှုံး ဟာ ရခိုင် လူမျိုးစု နဲ့ မကွာတာ တွေ့ရသလို၊ လူမျိုးစု စုစုပေါင်း ရဲ့ အချိုး ထက်လဲ မပိုတာကို တွေ့နိုူင်ပါတယ်။

ဒါကတော့ နှစ် ၃၀ အတွင်း လူဦးရေ တိုးတက်မှု အချိုးကို ကြည့်တာပါ။ ပိုပြီး ရှင်းသွားရအောင် ၁၀ နှစ် သက်တန်း တိုး မှု ဘယ်လို ရှိ မယ် ဆိုတာ တွက်ကြရအောင်။ နည်းက လွယ်ပါတယ်။ ရရှိပြီး အချိုး များ ရဲ့ သုံးထပ်ကိန်းရင်း ကို ရှာလိုက် ယုံ ပါပဲ။

ဥပမာ။ နှစ် ၃၀ တွက် အချိုးကို R3 လို့ခေါ်။ ၁၀ နှစ် တွက် အချိုးကို R လို့ သတ်မှတ် ရင်၊

R3 = R x R x R

ဆိုရင်။ ရခိုင် တိုင်းရင်းသား များ အတွက် R3 = ၁.၆၄ ; R = ၁.၁၈၀ ;
ဘင်ဂါလီ မူဆလင် တို့ အတွက် R3 = ၁.၆၆ ; R = ၁.၁၈၅ ; ဆိုပြီး တော့ ရလာပါမယ်။

ဆိုတော့။ ၁၀ စုနှစ်တခုမှာ ရခိုင် တိုးနူံး ( R = ၁.၁၈၀ ) ဘင်ဂါလီ တိုးနူံး ( R = ၁.၁၈၅ ) နံပါတ် နှစ်ခုက မကွာဘူး ပေါ့။ ဒါဆိုရင် တကယ်တန်း က ဘာအဓိပယ်လည်း။ မေးနိင်ပါတယ်။

အဖြေကတော့။ ယခု လူဦးရေ ၁၀၀၀ စီရှိနေတဲ့ ရခိုင် ရွာတရွာ နှင့် ဘင်ဂါလီ ရွာတရွာ ဟာ၊ နောက်ထပ် ၁၀ နှစ် ကြာရင်၊ ရခိုင်ရွာမှာ လူဦးရေ ၁၁၈၀ နဲ့ ဘင်ဂါလီရွာမှာ ၁၁၈၅ ရှိနေမှာကို ပြပါတယ်။

အဲဒီတော့၊ လူကြီးမင်း တို့ ပါလီမန် အမတ်များ ဖေါ်ထုတ်လိုက် တဲ့၊ လူဦးရေ ထိန်းချုပ်ရေး ဥပဒေကြီး ဟာ၊ အလဟသ ဖြစ်မနေပါလား ခင်ဗျား။ ရိုသေစွာ တင်ပြလိုက် ပါတယ်။

တကယ်ဆိုရင် လူဦးရေ ထိန်းချူပ်ရေး ဟာ လူထုပညာပေး အဆင့် သာ ထားသင့် ပါတယ်။ အချိန် မနှောင်း ခင် ပြန်လည်ပြင်ဆင်သင့်ပါတယ်။

ဦးနေဦး။ ဩစတေးလျား။