လှေစီးပြေး ဒုက္ခသည်များနှင့် မြန်မာနိင်ငံ

မကြာခင် က၊ မြန်မာနိင်ငံ အစိုးရ ရေတပ် မှ၊ ကယ်ယူထိမ်းသိမ်း ထားခဲ့တဲ့ ၊ လှေစီးပြေး ဒုက္ခသည် ရိုဟင်ဂျာ-ဘင်္ဂါလီ ၇၃၄ အနက် မှ ၊ ၁၈၇ ဦး ဟာ မြန်မာ ပြည် မှ ဖြစ် ကြောင်း၊ မဇ္ဖိမ သတင်း ဌာန၊ သတင်းတရပ် မှာ ဖော် ပြလိုက် ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦး မောင်မောင် အုန်း ကတော့၊ ဒီကစ္စဟာ လူကုန်ကူးမှု ကိစ္စ တရပ်သာ ဖြစ်ပြီး၊ နိင်ငံတကာ က မြန်မာ နိင်ငံ ကို အပစ် ပုံချနေတာ မတရားဖူး လို့ လဲ၊ ပြောဆို လိုက်ပါတယ်။

မှန်ပါတယ်။ မြန်မာနိင်ငံ အတွင်းရှိ၊ အစိုးရပိုင်းရော ၊ နိင်ငံရေး နိုးကြားသူ ပြည်သူ အချို့  အနေနဲ့ ရော၊ နိင်ငံရေး ပါတီ တချို့ ပါ ဒီကစ္စဟာ မြန်မာနိင်ငံ နဲ့ ၊ တိုက်ရိုက် မပတ်သက်ဖူး လို့ ၊ မြင်ကောင်း မြင်ကြ ပါလိမ့်မယ်။ တကယ်တမ်းဆိုရင်၊ ကျန်တဲ့ (၇၃၄ - ၁၈၇ = ၅၄၇) ယောက် ဟာ ဘင်္ဂလာဒေရှ့် နိင်ငံသားများ ဖြစ်ကြောင်း၊ တွေ့ ရလို့ ပါပဲ။ နိင်ငံတကာ သတင်းဌာနတွေ ဆိုတာကလဲ၊ တကယ်ဆိုရင် မနေ့ ကပြော၊ ဒီကနေ့ မေ့၊ သူထက်ငါဦး သတင်းထူး နောက်ကို လိုက်ကြသူ များပါတယ်။ နိင်ငံတကာ နိင်ငံရေး လောက မှာလည်း၊ ပြည်တွင်းမှာလိုပဲ ပေါ့နော်။ ဒေါက်တာ မဟာသီယာ တို့ လို၊ အဆက်အသွယ် ရှိ၊ လူစွမ်း ကောင်း ဝင်လုပ် လိုသူတွေ တပုံကြီးပါ။ ဒီလို ရိုဟင်ဂျာ-ဘင်္ဂါလီ ကိစ္စ မှာ တဖက်တလမ်း ကနေ ကူညီချင် ကြမယ် ဆိုတာလဲ နားလည် ရနိင်ပါတယ်။

ဒီမှာ တခု ပြောလိုတာကတော့၊ နိင်ငံတကာ သတင်းဌာနတွေကို၊ ဒီကိစ္စမှာ လျစ်လျု ရှုလို့  မရသလို၊ မြန်မာ နိင်ငံ လူ့ အခွင့်အရေး နဲ့ လဲ တိုက်ရိုက် ပါတ်သက် နေတယ်ဆိုတာ၊ အထူး သတိချပ်ဖို့  လိုပါတယ်။ စာရေးသူ အမြင် အရကတော့၊ ဒီကိစ္စ ဟာ လူ့ အခွင့် အရေး အဓိက လို့  မြင်ရနိင်ပါတယ်။ တချိုကလဲ၊ နိင်ငံ တော် လုံချုံရေး၊ လူဝင်မှု ကြီးကြပ်စီစစ်ရေး ကိစ္စ လို့ လဲ မြင်သူများ ရှိပါမယ်။ ဒီအမြင် ရှုထောင့်တွေဟာ ရော၊ မမှန်ဘူး လို့  မဆိုနိင်ပါ။

ဒီလို ကျယ်ပြန့် တဲ့၊ နိင်ငံရေး ကိစ္စတရပ်မှာ၊ မြန်မာ ပြည်သူလူထု တရပ်လုံး အနေနဲ့ ရော၊ အစိုးရပိုင်း ရော၊ ပါတီနိင်ငံရေး ပိုင်းကပါ၊ ဘယ်လိုကိုင်တွယ် ဆောင်ရွက်ကြမှာ လည်းဆိုတာ စဉ်းစားရပါမယ်။ ဒီ ကိစ္စတရပ်မှာ နိင်ငံတကာ အသိုင်းအဝိုင်း က မျက်စေ့ ဒေါက်ထောက် ကြည့်နေကြသလို၊ ပြည်တွင်းရှိ၊ ရဟန်းရှင်လူ ပြည်သူ အများ ကလည်း၊ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လှေစီး ဒုက္ခ သည်တွေ အရေးမှာ၊ တဖက် အနေနဲ့  နိင်ငံရေး အသာစီး ရလိုမှုများ ရှိကောင်း ရှိနိင် ခဲ့ သလို၊ မြန်မာ အစိုးရ အနေနဲ့ လဲ၊ နေရာတကာ မှာ၊ သူတကာ လက်ညှိးထိုး တိုင်း၊ အလျော့ ပေးလို့  မဖြစ်နိင်ပါ။ ဒီလို နိင်ငံရေးနည်း တရပ်နဲ့  ချဉ်းကပ်လာ တဲ့ ကိစ္စ တရပ်ကို၊ လူထု အင်အားပြ၊ စစ် အင်အားသုံး စသည်နည်းများ နဲ့  ဖြေရှင်းလို့  မရနိင်ပါ။

ဒီလို သိမ်မွေ့ တဲ့ နိင်ငံရေး အခြေအနေ တရပ်ကို၊ ရင်ဆိုင်တဲ့ အခါမှာ၊ ပါတီ အဖွဲ့  အစည်း တရပ် အနေနဲ့  သော်၎င်း၊ လူထုလူတန်းစား (သို့ မဟုတ်) အစိုးရ တရပ် အနေနဲ့  သော်၎င်း၊ အနည်းဆုံး အားဖြင့်၊ နိင်ငံရေး ရပ်တည်ချက် တရပ် ရှိရပါ လိမ့် မယ်။ ဒီရပ်တည်ချက် တရပ် ဆိုတာကလဲ၊ တရား မျတမှုရှိပြီး၊ မြန်မာ နိင်ငံရေး သမိုင်း၊ လူမှုရေး သမိုင်း ကြောင်း စသည်များ နဲ့  စပ်ဟတ်မှု ရှိရပါမယ်။ တရား မျှတမှု ရှိတဲ့ နိင်ငံရေး ရပ်တည်ချက် တရပ် ဆိုတာကလည်း၊ အမှန် တရား ကို အခြေခံပြု တည်ဆောက် နိင် မှသာလျှင် မြဲမြံ ခိုင်ခန့်  တဲ့ အနေ အထား ရှိပါမယ်။ သို့ မဟုတ်ပါလျှင်၊ အစမ်းသပ် မခံ ပျက်သုဉ်း သွားဖို့ သာ ရှိပါမယ်။ ဒီ အမှန်တရား တရပ်ကို ရှာဖွေ တဲ့ အခါမှာလည်း၊ နိင်ငံရေး သမား၊ အစိုးရပိုင်း ပညာရှင် များ သာမက၊ ပြည်သူတရပ်လုံး ကိုပါ၊ ပွင့်လင်းမြင်သာ နည်းစနစ် များနဲ့  ပညာပေး ဆောင်ရွက် ဖို့  လိုအပ်ပါတယ်။

ယာယီသက်သေခံလက်မှတ် ( white card ) ကိုင်ဆောင်သူများ သမိုင်းကြောင်း။

ပထမဆုံး အရေးကြီး တဲ့ အချက် ကတော့ ဒီ ရီုဟင်ဂျာ-ဘင်္ဂါလီ တို့ ရဲ့  သမိုင်းကြောင်း ကို၊ ပြန်လည်သုံးသပ်ဖို့ ပါဘဲ။ ဒီကိစ္စမှာ၊ သိခဲ့ကြတဲ့ အတိုင်းပဲ၊ တချို့ ပညာတတ် ဘင်္ဂါလီ ပိုင်း က၊ ၎င်းတို့ ဟာ မြန်မာ တိုင်းရင်းသားများ ဖြစ်ကြောင်း၊ အခြေအတင် ငြင်းခုံမှု တွေ ရှိခဲ့ပါတယ်။ ဒါအပြင်လည်း၊ အခု မြန်မာ အစိုးရနဲ့  အခေါ်အဝေါ် ပိုင်း အငြင်းပွားမှု ရှိနေဆဲပါဘဲ။ သူတို့  အနေနဲ့ ၊ ရီုဟင်ဂျာ အမည် တရပ်ကို သာ ခံယူလိုကြောင်း၊ မြန်မာနိင်ငံ လွပ်လပ်ရေး ရပြီးစ ကာလ၊ ပါလီမန်ခေတ် ဝန်ကြီးချုပ် ဦနုတို့  လက်ထက်မှာ အစိုးရအဖွဲ့  အတွင်း ပါဝင် ခဲ့ကြပုံ၊ ဒီအချိန် ရီုဟင်ဂျာ အမည် ကို ပြည်သူ့  သတင်းစာ၊ သတင်း ဌာန များကပါ သုံးစွဲ ခဲ့ကြပုံ။ စသည် စသည် များ ကို အထောက် အထား မျာဖြင့် ဖေါ်ပြခဲ့ကြပါတယ်။ ဒါတွေဟာ အမှန်ပဲလား၊ ရိုဟင်ဂျာ ဆိုတာရော တကယ် လူမျိုးစု တရပ်လား၊ မေးစရာ မေးခွန်းတရပ် ဖြစ်လာပါတယ်။ ဒါတွေကို၊ မြန်မာ ပြည်သူလူထု အများစု အနေနဲ့ ရော၊ တာဝန်ရှိ ဝန်ထမ်း နဲ့  နိင်ငံရေး သမားများပါ ဆန်းစစ်လေ့လာဖို့  လိုပါတယ်။

ယာယီသက်သေခံလက်မှတ် ( white card ) ကိုင်ဆောင်သူများ လက်ရှိ အခြေအနေ။

ဒုတိယ အရေးကြီး တဲ့ အချက် ကတော့  ဒီ ရီုဟင်ဂျာ-ဘင်္ဂါလီ တို့ ရဲ့ လက်ရှိ အခြေအနေ ကို ဘယ်လို တိုးတက် အဆင်ပြေအောင် လုပ်ကြမလဲ ဆိုတာ စဉ်းစား ဖို့  လိုပါတယ်။ တဖက်နိင်ငံ အတွင်းမှာ့  ဒီ ရီုဟင်ဂျာ-ဘင်္ဂါလီ တို့  ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိ အကြောင်း အမျိုးမျိုး အရ ရောက်နေ ကြရသလို၊ ပြည်တွင်းမှာလည်း၊ မှတ်ပုံတင်မဲ့၊ သွားလာနေထိုင်ခွင့် မှအစ ကန့် သတ်မှုတွေ ရှိ နေပါတယ်။ သူတို့ အတွက် နိင်ငံသား စစ်ဆေးမှု လုပ်ဆောင်ရန်၊ ဝန်ထမ်း နှင့်တကွ ပြည်သူများ ပါ ရှင်းရှင်းလင်းလင်း နားလည် နိင် ဖို့  လိုပါတယ်။ ပြည်သူတွေ အနေနဲ့  ဒီကိစ္စ နားလည် မှု လွဲခဲ့ရင်၊ ၉၆၉ အုပ်စု နဲ့  ရခိုင် အစွန်း ရောက်များ နိင်ငံရေး အသုံး ချမှု ခံသွား ရနိင် ပါတယ်။ အစွန်း နှစ်ဖက် ကို မနင်းပဲ၊ အလယ်အလတ် လမ်းကြောင်း မှန် တခု ရွေးချယ်နိင်ဖို့  အဓိက ကျပါတယ်။

ဆက်လက်ပါဦးမည်။ ကျေးဇူးပြု၍ ဆက်လက်ဖြန့် ဝေပေးကြပါ။

ဦးနေဦး၊ ဆစ်ဒနီ။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/it...