ရိုဟင်ဂျာ(ဘင်္ဂါလီ) သမိုင်း အစ နှင့် ရိုဟင်ဂျာ အမည်ခံ အငြင်းပွားမှု ပြသနာ။

စာရေးသူ ဇွန်လပိုင်းက ပေးပို့ ထားခဲ့တဲ့ စာစောင်မှာ၊ ဒီ ရိုဟင်ဂျာ အမည်ကို ဘယ်သူ ကဘာကြောင့် စတင်သုံးနှုံး ခဲ့တယ် ဆိုတာ၊ မဖေါ်ပြနိင်ခဲ့ပါ။ ဝန်ကြီးချုပ် ဦးနု လက်ထက်မှာ (ရီုဟင်ဂျာ) အသုံးအနှုံး ကို အသုံးပြုခဲ့တာ အမှန်တကယ်ဖြစ်ရပ် တခုပါ။ အဲ ဒီအချိန်က မေယုဒေသ လို့ လဲ ခေါ်ကြတဲ့ ယခု ဘူးသီးတောင် မောင်းတော ဒေသများ မှာ နေထိုင်သူ မူဆလင် ဘာသာ ကိုးကွယ် ကြသူ လူမျိုးစု ကို ရီုဟင်ဂျာ လို့ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ကလည်းကောင်း၊ မြန်မာ စွယ်စုံကျမ်း အပါဝင် အခြား သတင်းလွာ များ မှာ သုံးစွဲခဲ့ကြတာလည်း အမှန် ဖြစ်ပါတယ်။

ဒီ (ရီုဟင်ဂျာ) အသုံးအနှုံး ကို ၁၉၅၀-၆၀ ပါတ်ဝန်းကျင် မှာ သုံးစွဲခဲ့ကြပေမဲ့၊ စာရေးသုအပါအဝင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ ပြည်မတွင်း ကြီးပြင်းလာကြ သူများ လုံးဝ မကြားဖူးကြပါ။ ၁၉၉၁-၉၂ ခု ယခု လက်ရှိ white card ကိုင်ဆောင်သူများ တဖက်နိင်ငံ ကို ထွက်ပြေးတိမ်းရှောင် တဲ့ အချိန် ကျမှသာ စာရေးသူ အပါအဝင် အခြား ပြည်တွင်း ပြည်ပ မြန်မာ အဖွဲ့အစည်းများ အနေနှင့် စတင် သိကြားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ လွပ်လပ်ရေး သမိုင်း နှင့် အကြောင်း ဆက်နွယ်မှု

ဒီ လို ရိုဟင်ဂျာ(ဘင်္ဂါလီ) တို့ ရဲ့ အမည်ခံ လိုမှု နှင့် လက်ရှိ မြန်မာ မှတ်ပုံတင် မဲ့ နေ မှု အနေအထား ကို ခြုံငုံ သုံးသပ် မိ သူများ အနေ နဲ့ ကတော့၊ ဒီ ပြသနာစု အရပ်ရပ် ဟာ မြန်မာ နိင်ငံ လွပ်လပ်ရေး သမိုင်း ကြောင်း နှင့် ဆက်စပ်မှု ရှိ နေကြောင်း၊ ရိပ်စား မိနှိင်ပါတယ်။ ရိုဟင်ဂျာ(ဘင်္ဂါလီ) အမည် စတင် သုံးစွဲ မှု ကို Jamiatul-Ulema အဖွဲ့မှ ၁၉၄၈ ခုနှစ် မှာ ဝန်ကြီးချူပ် ဦးနု ထံ၊ ဦးစွာပထမ တင်ပြ ခဲ့ကြောင်း တွေ့ရပါတယ်။ နောက်ပိုင်း မြန်မာ စာစောင် သတင်း ဂျာနယ် များ ကပါ ယင်း ရိုဟင်ဂျာ အသုံးအနှံး ကို လိုက်ပါ သုံးစွဲခဲ့ကြောင်း တွေ့ရပါ တယ်။ ဒီအကြောင်း အသေးစိတ် ကို အောက်ပါစာ တမ်း မှာ အင်္ဂလိပ် ဘာသာဖြင့် ဖတ်ရှု နိင်ပါတယ်။ (http://www.netipr.org/policy/downloads/snapshot-of-community-1960s.pdf)

အောင်ဆန်း-အက်တလီ စာချုပ် နှင့် မေယုဒေသ ဘင်္ဂါလီ မူဆလင် လူမျိုးစု

ဗိုလ်ချုပ် အောင်ဆန်း နှင့် အဖွဲ့ မြန်မာနိင်ငံ လွပ်လပ်ရေး တောင်း ဆို ၊ စာချုပ် တရပ်ပြု တဲ့ အချိန် ၁၉၄၇ ဇနဝါရီ လ မှာ အန္ဒိယ နှင့် ပါကစ္စတန် ကလည်း လွပ်လပ် ရေး အတွက် ဆွေးနွေး နေဆဲ ဖြစ်ပါ တယ်။ ဒီအချိန် မှာ၊ မေယုဒေသ လိုလဲ ခေါ်ဆိုကြတဲ့၊ ယခု ခေတ် ဘူးသီးတောင်-မောင်းတော ဒေသမှာ စစ်တကောင်းဒေသမှ ရွှေ့ပြောင်း ဘင်္ဂါလီ ၃ သိန်း ခန့် ရှိနေခဲ့ ပါတယ်။ အဲဒီ အချိန် ပိုင်း မှာ ပင်လျှင်၊ မေယုဒေသမှာ ၁၈၂၄ ခု ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ပြီး နောက် ပိုင်း၊ ပထမ ရွှေ့ ပြောင်း နေထိုင် လာ သူများ ဟာ၊ ဆွေစဉ်မျိုး ဆက် အခြေချ နေထိုင်သူ အဖြစ်၊ အများ အပြား ရှိနေ ခဲ့ပါတယ်။ ၁၉၃၁ ခု ဗျိတိလျှ စစ်တမ်း အရ ရွှေ့ ပြောင်း နေထိုင် သူ ၂၁၇-၈၀၁ (၂ သိန်းကျော်) ခန့် ရှိနေခဲ့ ကြောင်း မှတ်တမ်း တွေ့ရှိရပါတယ်။ ဒီ လူမျိုးစု များအရေး ကိစ္စ အတွက်၊ မြန်မာ နိင်ငံ တော် လွပ်လပ်ရေး ပိသုကာ ကြီး များ ဟာ၊ သဘောထား ကြီဲးကြီး၊ နိင်ငံရေး အမျှော်အမြင် ရှိစွာ နဲ့ ကိုင်တွယ် ခဲ့ ကြ ကြောင်း သိမြင် နိင် ပါတယ်။

ဆိုရရင်၊ အောင်ဆန်း-အက်တလီ စာချုပ် စာပိုဒ် ၃။
Interim Legislature:
.....the Governor will nominate a Legislative Council of 100. It will be drawn from among those elected to the Constituent Assembly with the inclusion of a small number of persons to present the non-indigenous minorities.

ဒီစာပိုဒ် အရ ၁၉၄၇ ခုနှစ် ဧပြီလ မှာ ဖဆပလ အဖွဲ့မှ ကျင်းပခဲ့ တဲ့ နိင်ငံလုံးဆိုင်ရာ တိုင်းပြုပြည်ပြု ရွေးကောက်ပွဲ မှာ မပါဝင် ခဲ့ တဲ့ အဗဒူလ် ဂဖါး နှင့် ဆူလတန် အာမက် နှစ်ဦး တို့ဟာ မေယုဒေသ ကိုယ်စား ပြု ဖို့ အတွက် မြန်မာ ပါလီမန် မှာ ပါဝင် ခွင့် ရခဲ့ တယ် လို့ ယူဆနိင်ပါတယ်။ ဒီအကြောင်း အသေးစိတ် သိလိုသူများ အထက်ပါ စာရေးသူ၏ စာတမ်း ပါ ။စာညွန်း ၆။ မှာ ဖေါ်ပြထား သည့် ကျမ်းကိုးစဉ် အတိုင်း ဆက်လက် ဖတ် ရှု သွား နိင်ပါတယ်။

ရိုဟင်ဂျာ(ဘင်္ဂါလီ) တိုင်းရင်းသား ဖြစ် နိင်-မဖြစ်နိင် အငြင်းပွား မှု

မြန်မာ အများစု လက်ခံထားချက် ကတော့ ဘင်္ဂါလီ လူမျိုးများ ဟာ တိုင်းရင်းသား မဟုတ်ပါ။ သို့ဆိုလျှင်၊ ဘင်္ဂါလီ လူမျိုးများ ရခိုင်ဒေသ တွင်း ၁၈၂၄ ခု မတိုင်မီက ရှိခဲ့ သလား ဆို တဲ့ မေးခွန်း ကိုတော့ အများစု ဂဃနဏ မဖြေနိင်ကြပါ။လွပ်လပ်ရေး မရမီကာလ များ မှာ တော့၊ မြန်မာ တို့ ဒီ ကိစ္စ နားလည်နိင် မှု ဟာ သမိုင်း အထောက်အထား မပါ၊ လူကြီးသူမ ပြောစကား များ အရ ပျမ်းမျှ သိနိင် ကြလောက် တယ် လို့ ယူဆရပါ တယ်။ (စာရေးသူတို့ လက်ထက် မှာတော့ အင်တာနက် ရဲ့ ကျေးဇူး ကြောင့် Revd. Comstock ရဲ့ ၁၈၃၃-၄၄ ခုနှစ် က သမိုင်း မှတ်တမ်း များ အဆင်သင့် ဖတ်ရှု နိင် လာပါတယ်။ ဒီ ကိစ္စ နဲ့ ပါတ်သက်လို့ မြန်မာ အများစု လက်ခံထားချက် ကို အငြင်း ပွားစရာ အကြောင်း မရှိပါ။)

သို့သော်၊ လွပ်လပ်ရေး ရခါစ အချိန်၊ ရခိုင် ဒေသအတွင်း ဘင်္ဂါလီ လူမျိုးများ လူဝင်မှု အနေအထား ကို၊ လူကြီးသူမ ပြောစကား များ အရ သာမက၊ စာရင်းဇယား နှင့် တကွ စေ့စေ့ စပ်စပ် သိနိင်သူ တဦး တော့ ရှိခဲ့ပါတယ်။ သူကတော့ ဦးတင်ထွဋ် ဖြစ် ပါတယ် ။ မြန်မာလူမျိုးထဲ မှာ ပထမဆုံး ICS အဆင့် ရခဲ့သူ ဖြစ်ပြီး ၊ မြန်မာ့ လွပ်လပ်ရေး အတွက် အင်္ဂလိပ် အစိုးရ ဝန်ထမ်း ဘဝမှ ကူးပြောင်း ပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ ဖဆပလ အဖွဲ့ကြီး နှင့် အတူ စွမ်းစွမ်း တမံ လုပ်ဆောင် နိင် ခဲ့တဲ့ မျိုးချစ် ပုဂိုလ် တဦးပါ။ဗိုလ်ချုပ် တို့နဲ့ ၁၉၄၇ ခု၊ လန်ဒန်မြို့ လွပ်လပ်ရေး ဆွေးနွေးမှု မှာ မြန်မာ တို့ဖက်မှ ကိုယ်စားလှယ် တဦး အဖြစ် ပါဝင်ခဲ့ သူလည်းဖြစ် ပါတယ်။ အထူးသဖြင့် ၁၉၃၉ ခုနှစ် အန္ဒိယ နိင်ငံသားများ မြန်မာနိင်ငံ သို့ ဝင်ရောက်လာမှု ကို စစ်ဆေး တင်ပြထားတဲ့ Baxter Report လို့ အများ သိကြတဲ့ စာစောင်ပြုစုသူ တဦး မှာ အပါအဝင် ဖြစ်ပါတယ်။ လွပ်လပ်ရေး ရပြီးနောက်၊ နိင်ငံခြားရေးဝန်ကြီး အဖြစ် အမှုထမ်း ခဲ့ပြီး၊ ၁၉၄၈ ခု စက်တင်ဘာ လမှာ အမည်မသိ မသမာ သူများ လုပ်ကြံမှု ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒီ ဦးတင်ထွဋ် ကို အာဇာဏီဗီမါန် ထဲမှာပဲ ဗိုလ်ချုပ်တို့နဲ့ အတူ ဂုဏ်ပြုပြီး ဂူသွင်း ထားရှိတယ်လို့ သိရပါတယ်။ ဒီ အကြောင်း စာရေးသူ အခွင့်ကြုံ ခိုက်၊ မှတ်မှတ်ရရ စက်တင်ဘာ လလည်း ဖြစ် နေတာကြောင့် ဖေါ်ပြလိုက် ရပါတယ်။

လက်ရှိ white cards များ မဲပေး နိင်ရန် ကိစ္စ

ပြောရရင် တော့၊ ဒီ ရခိုင် ဒေသအတွင်း ဘင်္ဂါလီ လူမျိုးများ အနေအထား မှာ၊ ဗိုလ်ချုပ်နှင့် တကွ ၁၉၄၇ လွပ်လပ်ရေး ဆွေးနွေးပွဲ မှာ အဓိက ပါဝင်သူ အားလုံးလောက် နီးနီး၊ လွပ်လပ်ရေး ရပြီး နောက်ပိုင်း၊ ဆုံးပါး သွားကြ ရှာပါတယ်။ သို့ သော်လည်း ဝန်ကြီးချုပ် ဦးနု အနေနှင့် ယင်း နိင်ငံရေး အခြေအနေ တရပ် ကို၊ ခြေရာလည်း ပျောက် ရေလည်း နောက် မဖြစ်စေရပဲ၊ ဆက်လက် ထိမ်း သိမ်း ထားနိင် ခဲ့ ပါတယ်။ ဒီ ကိစ္စ ကို ပါကစ္စတန် နိင်ငံနှင့် ၁၉၄၈-၁၉၆၀ ထိ ဆက်လက် ညှိနိင်း ခဲ့ပုံ ရပါတယ်။ ၁၉၅၈-၁၉၆၀ ဗိုလ်ချုပ် နေဝင်း အိမ်စောင့် အစိုး ရ လက်ထက် မှာ တော့၊ ပါကစ္စတန် သမတ Ayub Khan ရဲ့ မေတ္တာ ရပ်ခံချက် အရ၊ မြန်မာနိင်ငံ မှ ယင်းလူမျိုးစု ကို အပြီးအပိုင် နေထိုင်ခွင့် ပေးခဲ့ နိင် ကြောင်း သာဓက များစွာ တွေ့ရပါ တယ်။ ဒီအကြောင်း တွေကို၊ စာ ရေးသူ၏ အထက် ပါစာတမ်း မှာ အင်္ဂလိပ် လို ဖတ်ရှုနိင်ပါတယ်။

ရခိုင်၊ မြန်မာ နှင့် ဘင်္ဂါလီ-ရိုဟင်ဂျာ တို့ နိင်ငံရေး မောဟ တရားများ

ဒီ ရခိုင် ဒေသအတွင်း ဘင်္ဂါလီ လူမျိုးများ အနေအထား ကို အများ ပြည်သူနှင့် တကွ၊ ယင်း လူမျိုးစု ကိုယ်တိုင် မသိနိင် ခဲ့ မှု ဟာ၊ ယခု နောက် ပိုင်း ပြသနာ များစွာ ကြုံ လာ စေတာ ကို သတိပြုရ ပါမယ်။ ဥပမာ၊ ယခု လောလော ဆယ် ပင်၊ ရခိုင် အမျိုးသားရေး အစွန်း ရောက် သူများ နှင့် မဘသ တို့ ဟာ၊ ဒီ ရခိုင် ဒေသအတွင်း ဘင်္ဂါလီ-ရိုဟင်ဂျာ များ ဟာ တဖက် နိင်ငံ မှ ခိုးဝင်လာသူများ ဖြစ် ကြောင်း မမှန် ဝါဒဖြန့် မှု တွေ ရှိ နေပါတယ်။ တဖက် မှာ လည်း၊ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး လှုပ်ရှား သူများ ကလည်း၊ မမှန် သမိုင်း အခြေ ခံပြီး ယင်းတို့ မြန်မာ တိုင်းရင်းသားများ ဖြစ်ကြောင်း၊ နိင်ငံတကာ မှာ ဝါဒဖြန့် မှု တွေ ရှိပါ တယ်။ တဖန် လက်ရှိ မြန်မာ အစိုးရတွင်း စစ်တပ် စစ်ဗိုလ် များ မှာလည်း၊ ဦးန-ဦးနေဝင်း တို့ ဆုံးပါး သွား တဲ့ နောက်ပိုင်း၊ ဒီ ကိစ္စ သိမှီ နိင်သူ များ မရှိကြတော့ပါ။ ဗိုလ်ချုပ် အောင်ကြီး၊ ဦးတင်ဦး တို့ လို အထက်တန်း အရာရှိများ အဆင့် ပင် လျှင် ဒီ ကိစ္စ မ သိနိင် လောက်ပါ။

ဒီလို နိင်ငံ ရေး မောဟ အမှောင် တရား တရပ်ဖြစ် လာ စေမှု ရဲ့ ဆိုးကျိုး ကတော့၊ ဥပမာ ဗိုလ်ချုပ် စောမောင် လက် ထက် ၁၉၉၁ ခုနှစ်၊ ဘင်္ဂါလီ-ရိုဟင်ဂျာ များ နိင်ငံခြားသား အဖြစ် သတ်မှတ်၊ အစုလိုက် အပြုံလိုက် မောင်း ထုတ် ခဲ့တဲ့ ဖြစ် ရပ်မျိုး ပါဘဲ။ တဖန်လည်း၊ ဘင်္ဂါလီ-ရိုဟင်ဂျာ တို့ အနေနဲ့ RSO, ARIF စသည့် အကြမ်းဖက် တော်လှန် လို မှု များ ဟာလည်း ဒီ နိင်ငံ ရေး မောဟ အမှောင် တရား ရဲ့ ဆိုးကျိုး တရပ် သာ ဖြစ်ပါ တယ်။ နောက် တဖန်လည်း၊ ယခု လက်ရှိ ပါလီမန် မှာ ရခိုင် အစွန်း ရောက် များ က ဒီ ဘင်္ဂါလီ-ရိုဟင်ဂျာ white card များ မဲပေး မှု ကို ရုပ်သိမ်း နိင် စေ ခဲ့တာ ဟာလည်း၊ ယင်း မသိ နားမလည် နိင်မှု ရဲ့ အကျိုး ဆက်များသာ ဖြစ်ပါတယ်။ တကယ်ဆိုရင် ၄င်း ဘင်္ဂါလီ-ရိုဟင်ဂျာ white card များ ဟာ၊ ၁၉၆၀ ခုနှစ် ကတည်း က၊ မြန်မာ အစိုး ရ မှ တရားဝင် နေထိုင် ခွင့် ပေး ထား ခဲ့ ကြောင်း၊ ယင်း တို့ ၂၀၀၈ အခြေခံ ဖွဲ့ စည်းပုံ နှင့် ၂၀၁၀ ရွေးကောက် ပွဲ တွင် ပါဝင် မဲပေး နိင်မှု များ ဟာ၊ နိင်ငံ တော် စည်းမျဉ်း ဘောင် တရပ် အတွင်း မှာသာ ဖြစ် ကြောင်း သိသာနိင် ပါ တယ်။

အမှန်တရား လေးစား လက်ကိုင် ထားကြ ရန်

ဒီအချိန် မှာတော့၊ ဘင်္ဂါလီ-ရိုဟင်ဂျာ သမိုင်းရေး ကိစ္စ ဟာ ရုပ်လုံး ပေါ်လာခဲ့ ပြီ ဖြစ်တဲ့ အတွက်၊ အားလုံး အခက် အခဲတွေ ကို ငြိမ်း ချမ်း တဲ့ နည်း စနစ် များအရ သာ ဖြေ ရှင်း ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ အထူးသဖြင့် မြန်မာနိင်ငံ တွင်း နိင်ငံရေး လေ့လာသူများ၊ NLD နဲ့ USDP အပါအဝင် လူထုလူတန်းစား အဖွဲ့ အစည်းများ၊ ဒီ ကိစ္စ ကို လူထု လက် ရောက် ဆက်လက် ပညာပေး ဖြန့် ဝေပေးကြပါ။ ဦးသိန်းစိန် အစိုးရ မှာ လည်း၊ ဒီ ကိစ္စ ပြည်သူလူထု နားလည် လာအောင် ပညာ ပေးဖို့ အထူး တာဝန် တရပ် ရှိနေပါတယ်။ အထူး သဖြင့် ကတော့ မြန်မာ အစိုးရ အနေနှင့် ဒီ white card များ မဲပေး ခွင့် ကို ပြန်လည် ပေးအပ် ရန် အချိန် တန် ပြီ ဖြစ်ပါ ကြောင်း၊ လေးစားစွာ တင်ပြ လိုက်ပါတယ်။

ဦးနေဦး။ ဆစ်ဒနီမြို့။

ပထမပိုင်း။ https://www.facebook.com/netipr.netipr/posts/1600701276867275